Posts

Showing posts from October, 2018

စက္ကူမီးပုံး​လေး​လုပ်​ကြရ​အောင်

Image
နှစ်တနှစ်ရဲ့ ဆယ့်နှစ်လ လုံးမှာ သက်ဆိုင်ရာ ပွဲလမ်း သဘင်တွေနဲ့ စည်ကားမြဲ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ အခုလည်း သီတင်းကျွတ် ကာလကို ရောက်ဖို့ နီးကပ် လာပါပြီ။ ဆယ့်နှစ်လ ရာသီမှာ တခု အပါအဝင် ဖြစ်တဲ့ သီတင်းကျွတ် ကာလမှာ မြန်မာတို့ရဲ့ ဓလေ့အတိုင်း မြတ်စွာ ဘုရားရှင်ကို ဆီမီးထွန်းညှိ ပူဇော်ကြ ပါတယ်။ သီတင်းကျွတ် လပြည့်နေ့မှာ မြတ်စွာ ဘုရားဟာ တာဝင်္တီသာ နတ်ပြည်မှာ ရှိတဲ့ မယ်တော် မိနတ်သားကို ဓမ္မစကြာ တရားဟောပြီး လူ့ပြည်ကို ပြန်ကြွရာမှာ လူတွေက ဆီမီးတွေနဲ့ ကြိုဆို ပူဇော် ကြတာပါ။ ခု နောက်ပိုင်းမှာတော့ ဖယောင်းတိုင်မီး အပြင် လျှပ်စစ် မီးသီးလေးတွေ၊ အလှ မီးပုံးလေးတွေနဲ့ ပိုပြီး ချစ်စရာ ကောင်းအောင် ပြုလုပ် လာကြပါပြီ။ ဒီဇိုင်းစုံ၊ အရောင်အသွေး စုံနဲ့ စက္ကူ မီးပုံးလေး တွေကို အရွယ် အစားစုံနဲ့ ချိတ်ဆွဲ ထားကြတာ ချစ်စရာ ကောင်းတဲ့ မြင်ကွင်းပါ။ မီးပုံးလေး တွေက ဆိုင်မှာ ဝယ်ယူလို့ ရတယ် ဆိုပေမယ့် ကိုယ့်လက်ဖြစ် မီးပုံးလေးတွေနဲ့ ထွန်းညှိ အလှဆင် ရတာကို သဘောကျတဲ့ လူငယ် တွေလည်း ရှိပါတယ်။  ဒီတပတ်အတွက် ပရိတ်သတ်ကို သီတင်းကျွတ် ပွဲတော် အတွက် ကိုယ်တိုင် လုပ်ထားတဲ့ မီးပုံးလေးတွေနဲ့ အလှဆင်နိုင်အောင်လို့ ချစ်စရာ ကောင်းတဲ့ စက္ကူ မီးပုံး ဝိုင်းဝိ

တရုတ်​မီးပုံးလုပ်​နည်း(videos)

Image