Posts

Showing posts from September, 2018

ဆပ်ပြာလုပ်နည်း (အခြေခံသိရမည့်အချက်များ) Melt & Pour ဆပ်ပြာလုပ်နည်း

Image
ဆပ်ပြာလုပ်နည်း (အခြေခံသိရမည့်အချက်များ) Melt & Pour ဆပ်ပြာလုပ်နည်း 🌟⭐🌟⭐🌟⭐🌟⭐⭐🌟⭐⭐🌧🌦🌥 Cold Process ဆပ်ပြာနဲ့ပတ်သက်တဲ့အခြေခံတွေရေးပီးတဲ့နောက် သိသင့်တဲ့ Melt & Pour (M&P) ဆပ်ပြာလုပ်နည်းနဲ့ ပတ်သက်တာတွေကိုလည်းရေးပါဦးမယ်။ ဒီနှစ်မျိုးမှာ အဓိကထူးခြားချက်ကတော့ CP ဆပ်ပြာက အဆီတွေနဲ့ Lye ဓါတ်ပြုပီး ဆပ်ပြာ လုပ်ယူတာဖြစ်ပါတယ်။ M&P ကတော့ အသင့်ပြုလုပ်ပီးသား ဆပ်ပြာကုန်ကြမ်းကို ကိုယ်လိုချင်တဲ့အရောင်၊ အနံ့၊ ဒီဇိုင်းပြန်လုပ်ယူတာဖြစ်ပါတယ်။ အပြင်က commercial soap တွေကိုမသုံးချင်သူတွေ၊ ကိုယ်ပိုင်စိတ်တိုင်းကျအရောင်အနံ့လေးတွေနဲ့ tailer made soap လေးတွေ လုပ်ချင်သူတွေ၊ Handmade soap ဆပ်ပြာထုတ်ပီးဈေးကွက်ကိုရောင်းချချင်သူတွေအနေနဲ့ စမ်းသပ် ထုတ်လုပ်ဖို့ကောင်းတဲ့ ဆပ်ပြာလုပ်နည်းလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆပ်ပြာရဲ့ အရောင်သဘောတရား၊ Additive လို့ခေါ်တဲ့ ထပ်ပေါင်းထည့်တဲ့ အမှုန့်၊ အစေ့ အဆံတွေရဲ့မထည့်ခင်နဲ့ထည့်ပီးအခြေအနေတွေ၊ ရနံ့တွေ၊ ထည့်လိုက်တဲ့ရနံ့နဲ့ အစေ့၊ အဆံအမှုန့်တွေရဲ့ အကျိုးကျေးဇူးတွေ၊  Mold တွေ၊ Packaging အတွက်စမ်းသပ်လုပ်ကိုင်ကြည့်ဖို့တွေ၊ ကိုယ့်ရဲ့အနီးဆုံးကဖောက်သည်တွေကို မိတ်ဆက်ရောင်းချ

Swirling method ဖြင့်ဆပ်ပြာ အလှပုံဖော်ခြင်း

Image
Swirling method ဖြင့်ဆပ်ပြာ အလှပုံဖော်ခြင်း 🍨🍧🍦🍨🍧🍦🍦🍧🍨🍭🍧🍦🍦🍨🍧🍦 ဆပ်ပြာပြုလုပ်ခြင်းဆိုတာ chemical ပစ္စည်းတွေကို အတိအကျ တွက်ချက်ပြင်ဆင်ရတဲ့ science ပါ။ swirling ဆိုတာကတော့ အနုပညာပါ..soap swirling ကတော့ science and art ပေါင်းစည်းထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ် #swirl ထားသော ဆပ်ပြာတုံးလေးကိုကြည့်ပြီး ပြောမပြနိုင်တဲ့ စိတ်ကျေနပ်မှုများ ခံစားရမယ်လို့ အာမခံပါတယ်။ CP နည်းနဲ့ လုပ်တဲ့ ဆပ်ပြာတုံးလေးတွေကို ပုံဖော်ရာမှာ နည်းလမ်းများစွာသုံးလို့ရပါတယ်။ နည်းမျိုးစုံထဲကမှ swirling နည်းနဲ့ပုံဖော်ရာမှာတော့ ကျွမ်းကျင်မှု၊ အကြိမ်ကြိမ်လေ့ကျင့်မှု၊ အမြင်စူးရှမှုတို့လိုအပ်ပါတယ်။ အမြင်စူးရှမှု ဆိုရာမှာ cold process တွင် မည်သို့မည်ပုံဆွဲလျှင် ပိုမိုလှပ လာမည် ဆိုသော အမြင်ကို ဆိုလိုတာပါ။ Swirling နည်းလမ်းတွေကတော့ -လှည့်နေသော အဝိုင်းပေါ်တွင် တင်၍ ပုံဖော်ခြင်း (spin swirl) -မိမိနှစ်သက်ရာ အရောင်စပ်၍ အစက်များချပြီး တုတ်ဖြင့် ပုံဖော်ခြင်း (drop swirl) -မိုလ်ထဲတွင် ချိတ်ဖြင့်ပုံဖော်ခြင်း ( hanger swirl) -အိုးထဲတွင် အရောင်စပ်၍ ပုံစံခွက်ထဲ လောင်းချပုံဖော်ခြင်း( in-the-pot swirl) စသည်ဖြင့် နည်းလမ်းများစွာရှိပါတယ်။
Image
ဆီ နှစ်မျိုးထဲပါတဲ့ cp နည်းနဲ့ ဆပ်ပြာလုပ်နည်း​ အင်မတန်ရိုးရှင်းတဲ့  ဆီ နှစ်မျိုးထဲပါတဲ့ cp နည်းနဲ့ ဆပ်ပြာလုပ်နည်းလေးပါ။ ဗီဒီယိုကြည့်ချင်တယ်ဆိုရင် ဒီလင့်မှာ ကြည့်ပါ။ ပါဝင်ပစ္စည်းများ -5 အောင်စ water -2 အောင်စ lye -7.5 အောင်စ canola oil - ရှာရခက်ရင် အုန်းဆီအစားထိုးသုံးလဲရပါတယ် -7.5 အောင်စ olive oil လိုအပ်သော ပစည်းများ -lye ခေါ် ဆိုဒီယမ် ဟိုက်ဒရောဆိုက် ခေါ် NaOH ခေါ် အယ်ကာလီ (lye ဟာ အရည်အသွေး ပြည့်ပြည့်၀၀ဖြစ်နေဖို့ အရေးကြီးပါတယ်။ တချို့ နှစ်ချီကြာနေတဲ့ lye တွေဆို မသုံးပါနဲ့တော့) -မွှေဖို့ ဆီလီကွန်ယောင်းမ -safety အတွက် မျက်မှန်၊ လက်အိတ်၊ မျက်နှာဖုံး (ကျွန်တော်ကတော့ အကျီလက်ရှည် ဖိနပ်ခြေပိတ် ပါဝတ်ပြီးမှ ဆပ်ပြာလုပ်ပါတယ်) -stick blender (ဈေးနည်းနည်းများနေလို့ မ၀ယ်သေးဘူးဆိုလဲ ဆီလီကွန်ယောင်းမနဲ့ပဲ မွှေလို့ရပါတယ် အကြာကြီးတော့ မွှေရမှာပေါ့နော်) -lye ထည့်တိုင်းဖို့ ခွက်သေးသေးတစ်လုံး -ရေနဲ့ lye ရောမွှေဖို့  (စတီး) ဇွန်း တစ်ချောင်း။ -ဆီထည့်တိုင်းတဲ့ ခွက်အကြီး (ဗီဒီယိုထဲမှာ ဒီခွက်ထဲမှာပဲ ဆပ်ပြာလုပ်ပြထားပါတယ်) -ဆီနဲ့ lye ရောမွှေဖို့ ခွက်အသေး -သာမိုမီတာ ပြုလုပ်ပုံအဆင့်ဆင့် -ပထမဆုံး လိုအပ်တဲ့ပစ္စည်းတွေကို အလေ

အလင်း​ဖောက်​ဆပ်​ပြာပြုလုပ်​နည်း

Image
အလင်းဖောက်ဆပ်ပြာလုပ်နည်း #transparent soap 1. ရေ 304 ဂရမ်   2. Lye 117.7 ဂရမ် 3. ၀က်ဆီ/အမဲဆီ 440 ဂရမ် 4. ကြက်ဆူဆီ 200 ဂရမ် 5. အုန်းဆီ 160 ဂရမ် 6. ဂလစ်စရင်း 120 ဂရမ် ( 98 ဂရမ် ကနေ 147 ဂရမ် ကြား) 7. အရက်ပြန် 300 ဂရမ် (275 ဂရမ် ကနေ 321 ဂရမ် ကြား) 8. သကြား 90 ဂရမ် + ရေ 180 ဂရမ်(သကြားရည်)  ပြုလုပ်ပုံအဆင့်ဆင့် 1. Lye အလေးချိန်ကို ချိန်ခွက်ထဲထည့်ချိန်ပါ။ 2. ရေကိုလဲ ချိန်ထားပါ။ ပြီးရင် သူ့ထဲ lye ထည့်မွှေမှာပါ။   3. ချိန်ထားတဲ့ lye ကို ရေထဲထည့်ပါ။ lye ထဲကို ရေမထည့်ရပါ။ လက်အိတ်၊ မျက်မှန် တပ်ပြီးမှ လုပ်ပါ။ လေ၀င်လေထွက်ကောင်းတဲ့ နေရာဖြစ်ပါစေ။ lye ပျော်သွားတဲ့အထိ မွှေပေးပါ။ သိပ်ပူလာလို့ အငွေ့ထွက်လာရင်လဲ စိတ်မပူပါနဲ့။ ခဏနေရင် အေးသွားပါလိမ့်မယ်။    4. Lye ကိုအအေးခံထားချိန်မှာ ဆီတွေကို ချိန်ပါ။ 5. ချိန်ပြီးရင် ဆီတွေအားလုံး slow cooker ထဲမှာ အပူပေးပါ။ 6. ဆီတွေအရည်ပျော်ပြီ ဆိုရင် Lye ကိုဖြည်းဖြည်းချင်းလောင်းထည့်ပါ။ ပထမဆုံး ယောင်းမနဲ့သာ မွှေပေးပါ။ သုံးမိနစ်လောက်နေမှ stick blender နဲ့ စမွှေပါ။    7. Trace ဖြစ်တဲ့အထိ stick blender နဲ့မွှေပေးပါ။ ပြီးရင် slow cooker ကို အဖုံးဖုံးပြီး 3 နာရီလောက်တည်

ဆပ်​ပြာအနံ့သွင်းရန်​ဗဟုသုတ

Image
Soap ဆပ်ပြာ အနံ့များအကြောင်း အပိုင်း (၁) ပစ္စည်းထုတ်တဲ့သူတွေ၊ အထူးသဖြင့် ဆပ်ပြာ၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းထုတ်တဲ့သူတွေက အနံ့နဲ့ပတ်သက်လို့ ဘယ်၍ဘယ်မျှထည့်ရမလဲလို့ သိချင်ကြပါတယ်။ သိလည်း သိသင့်ပါတယ်။ ဒါကြောင့် ဒီ Post ကို စုဆောင်းရေးသားလိုက်တာပါ။ အကြောင်းအရာ မရောထွေးစေဖို့နဲ့ ဖတ်ရတာ မအီသွားစေချင်လို့ အပိုင်းတွေခွဲပီးရေးသွားပါမယ်။ ပထမဆုံးရေးမှာက Essential Oil ပါ။ အင်မတန်ကျယ်ပြန့်ပါတယ်။ အကုန်ပေါ်လွင်အောင်ရေးဖို့ မလွယ်တာကြောင့် သက်ဆိုင်သူတွေ အကျဉ်းရုံးနားလည်စေဖို့လောက်ပဲ တင်ပြသွားပါမယ်။ Essential Oils အကြောင်း အခြေခံသိထားသင့်သည်များ Essential Oils ဆိုတာဘာလဲလို့ လူတိုင်းသိအောင်ပြောရရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ်၊ အဖူး စတဲ့အပင်အစိတ်အပိုင်းတွေမှာ ရနံ့တွေရှိနေတာ သတိထားမိပါလိမ့်မယ်။ ဒီရနံ့တွေရှိရခြင်းက ဆိုခဲ့တဲ့ Essential Oils တွေကထုတ်ပေးနေလို့ပါ။ ဒီသဘာဝအတိုင်းပါဝင်နေတဲ့ရနံ့ဆီတွေမှာ အပင်ရဲ့မူလဘူတ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။ ဒီအဆီတွေကိုရဖို့အတွက် အပင်တွေမှာရှိနေတဲ့ အဆီပါဝင်နိုင်မှုအများဆုံးအစိတ်အပိုင်းတွေကနေ ရေနွေးငွေ့ပေါင်းခံခြင်း (Distillation) နဲ့အများဆုံးထုတ်ယူလေ့ရှိပါတယ