ဆီ နှစ်မျိုးထဲပါတဲ့ cp နည်းနဲ့ ဆပ်ပြာလုပ်နည်း

အင်မတန်ရိုးရှင်းတဲ့ ဆီ နှစ်မျိုးထဲပါတဲ့ cp နည်းနဲ့ ဆပ်ပြာလုပ်နည်းလေးပါ။


ဗီဒီယိုကြည့်ချင်တယ်ဆိုရင် ဒီလင့်မှာ ကြည့်ပါ။



ပါဝင်ပစ္စည်းများ

-5 အောင်စ water
-2 အောင်စ lye
-7.5 အောင်စ canola oil - ရှာရခက်ရင် အုန်းဆီအစားထိုးသုံးလဲရပါတယ်
-7.5 အောင်စ olive oil

လိုအပ်သော ပစည်းများ
-lye ခေါ် ဆိုဒီယမ် ဟိုက်ဒရောဆိုက် ခေါ် NaOH ခေါ် အယ်ကာလီ (lye ဟာ အရည်အသွေး ပြည့်ပြည့်၀၀ဖြစ်နေဖို့ အရေးကြီးပါတယ်။ တချို့ နှစ်ချီကြာနေတဲ့ lye တွေဆို မသုံးပါနဲ့တော့)
-မွှေဖို့ ဆီလီကွန်ယောင်းမ
-safety အတွက် မျက်မှန်၊ လက်အိတ်၊ မျက်နှာဖုံး (ကျွန်တော်ကတော့ အကျီလက်ရှည် ဖိနပ်ခြေပိတ် ပါဝတ်ပြီးမှ ဆပ်ပြာလုပ်ပါတယ်)
-stick blender (ဈေးနည်းနည်းများနေလို့ မ၀ယ်သေးဘူးဆိုလဲ ဆီလီကွန်ယောင်းမနဲ့ပဲ မွှေလို့ရပါတယ် အကြာကြီးတော့ မွှေရမှာပေါ့နော်)
-lye ထည့်တိုင်းဖို့ ခွက်သေးသေးတစ်လုံး
-ရေနဲ့ lye ရောမွှေဖို့  (စတီး) ဇွန်း တစ်ချောင်း။
-ဆီထည့်တိုင်းတဲ့ ခွက်အကြီး (ဗီဒီယိုထဲမှာ ဒီခွက်ထဲမှာပဲ ဆပ်ပြာလုပ်ပြထားပါတယ်)
-ဆီနဲ့ lye ရောမွှေဖို့ ခွက်အသေး
-သာမိုမီတာ

ပြုလုပ်ပုံအဆင့်ဆင့်

-ပထမဆုံး လိုအပ်တဲ့ပစ္စည်းတွေကို အလေးချိန်အတိအကျ ချိန်ပါ။
-လေ၀င်လေထွက်ကောင်းတဲ့ နေရာမှာ မျက်မှန် လက်အိတ် မျက်နှာဖုံးတပ်ပြီး ရေနဲ့ lye ကိုရောပါ။ lye ကိုသာရေထဲ ဖြည်းဖြည်းချင်းထည့်ရပါတယ်။ lye ထဲ ရေမလောင်းထည့်ပါနဲ့နော်။ ရေတွေဆူတက်ပြီး ခွက်အပြင်ကို လျှံကျလာပါလိမ့်မယ်။ lye တွေအကုန်ရေထဲ ပျော်ဝင်သွားတဲ့အထိဖြည်းဖြည်းချင်း မွှေပေးပါ။ ပြီးရင် lye ကိုအအေးခံထားပါ။ ကလေးတွေခွေးတွေနဲ့ ဝေးတဲ့နေရာမှာ အဲ့ဒီခွက်ကိုထားပါ။
-ပြီးရင် ဆီိကို အပူပေးပါ။ ဆီနဲ့ lye အပူချိန်ဟာ 10 – 15 ဒီဂရီလောက်ပဲ ကွာနေပါစေ။ ဒီဗီဒီယိုထဲမှာတော့ အပူချိန် 130 ဒီဂရီ ပတ်ချာလည်လောက်မှာ ဆပ်ပြာလုပ်ပြထားပါတယ်။
-ဆီထဲကို lye ဖြည်းဖြည်းချင်းထည့်ပါ။ trace ဖြစ်တဲ့ အထိ မွှေပေးပါ။ ပူတင်းလိုအနေအထားရောက်ရင် trace ဖြစ်ပါပြီ။ trace ဖြစ်ချိန်မှာ အရောင်၊ အနံ့၊ တခြား ဖြည့်စွက်ပစ္စည်းတွေထည့်လို့ရပါတယ်။ ဒီဗီဒီယိုမှာတော့ မထည့်ထားပါဘူး။ အရှင်းဆုံးကိုရွေးပြီး ပြချင်တာနဲ့ ဘာမှရှုပ်ရှုပ်ထွေးထွေး မပါတာဒေါင်းထားတာပါ။
-trace အပျစ်အကျဲ ကိုယ်လိုချင်တဲ့ အနေအထားရောက်ရင် မိုထဲ ထည့်လို့ရပါပြီ။ မိုကို လုံအောင်ဖုံး ပြီး 24 နာရီထားပါ။ ပြီးရင် မိုထဲ ကထုတ်လို့ ရပါပြီ။ 4 ပါတ် ကနေ 6 ပါတ်အထိ လေသလပ်ခံထားပြီးရင် ကိုယ်တိုင်လုပ် handmade ဆပ်ပြာစစ်စစ်လေးကို စတင်သုံးစွဲနိုင်ပါပြီ။

****သတိပြုရန်🍙🍉🍊🍊

-လေ၀င်လေထွက်ကောင်းတဲ့နေရာမှာသာ lye နဲ့ ရေ ရောပါ၊ ထွက်လာတဲ့ အငွေ့ကို မရှူမိပါစေနဲ့။
-မျက်မှန်၊ လက်အိတ်၊ မျက်နှာဖုံး၊ အကျီလက်ရှည် ၀တ်ပြီးမှ lye ကိုကိုင်တွယ်ပါ။
-lye ထိသွားပြီဆိုရင် ရေနဲ့ ဆေးလို့မရပါဘူး။ vinegar နဲ့ခဏလိမ်းထားပါ။ ပြီးမှ ရေဆေးချပါ။ 
-ဆပ်ပြာလုပ်တဲ့နေရာကို ကလေးတွေ အိမ်မွေးတိရစ္ဆာန်တွေမလာပါစေနဲ့။
-ဆီအပူပေးချိန်မှာ မီးသတိပြုပါ။
-ဆပ်ပြာလုပ်ရာမှာ အပူခံဖန်ထည်၊ ပလတ်စတစ် နဲ့ စတီးစစ်စစ် ပစ္စည်းတွေကိုသာသုံးပါ။ ဖန်ထည်ကိုတောင် recommend သိပ်မပေးကြပါဘူး။ တခြားသတ္တု ပစ္စည်း သုံးရင် lye နဲ့ ဓါတ်ပြုပါတယ်။
-ဆပ်ပြာလုပ်ပြီးချိန်မှာ lye အကြွင်းအကျန်တွေနဲ့ စွန့်ပစ် ပစ္စည်းတွေကို တခြားလူတွေကို မထိခိုက်ရအောင် သေချာထုပ်ပိုးပြီးမှသာ စွန့်ပစ်ပါ။

Credit..
Panwai Paing










Comments

Popular posts from this blog

စက္ကူမီးပုံး​လေး​လုပ်​ကြရ​အောင်