ဆပ်ပြာလုပ်နည်း (အခြေခံသိရမည့်အချက်များ) Melt & Pour ဆပ်ပြာလုပ်နည်း

ဆပ်ပြာလုပ်နည်း (အခြေခံသိရမည့်အချက်များ)
Melt & Pour ဆပ်ပြာလုပ်နည်း
🌟⭐🌟⭐🌟⭐🌟⭐⭐🌟⭐⭐🌧🌦🌥

Cold Process ဆပ်ပြာနဲ့ပတ်သက်တဲ့အခြေခံတွေရေးပီးတ
ဲ့နောက် သိသင့်တဲ့ Melt & Pour (M&P) ဆပ်ပြာလုပ်နည်းနဲ့
ပတ်သက်တာတွေကိုလည်းရေးပါဦးမယ်။ ဒီနှစ်မျိုးမှာ အဓိကထူးခြားချက်ကတော့ CP ဆပ်ပြာက အဆီတွေနဲ့ Lye ဓါတ်ပြုပီး ဆပ်ပြာ
လုပ်ယူတာဖြစ်ပါတယ်။ M&P ကတော့ အသင့်ပြုလုပ်ပီးသား
ဆပ်ပြာကုန်ကြမ်းကို ကိုယ်လိုချင်တဲ့အရောင်၊ အနံ့၊ ဒီဇိုင်းပြန်လုပ်ယူတာဖြစ်ပါတယ်။ အပြင်က commercial soap တွေကိုမသုံးချင်သူတွေ၊ ကိုယ်ပိုင်စိတ်တိုင်းကျအရောင်အနံ့လေးတွေနဲ့ tailer made soap လေးတွေ လုပ်ချင်သူတွေ၊ Handmade soap ဆပ်ပြာထုတ်ပီးဈေးကွက်ကိုရောင်းချချင်သူတွေအနေနဲ့ စမ်းသပ်
ထုတ်လုပ်ဖို့ကောင်းတဲ့ ဆပ်ပြာလုပ်နည်းလည်းဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဆပ်ပြာရဲ့ အရောင်သဘောတရား၊ Additive လို့ခေါ်တဲ့ ထပ်ပေါင်းထည့်တဲ့ အမှုန့်၊ အစေ့ အဆံတွေရဲ့မထည့်ခင်နဲ့ထည့်ပီးအခြေအနေတွေ၊ ရနံ့တွေ၊ ထည့်လိုက်တဲ့ရနံ့နဲ့ အစေ့၊ အဆံအမှုန့်တွေရဲ့ အကျိုးကျေးဇူးတွေ၊  Mold တွေ၊ Packaging အတွက်စမ်းသပ်လုပ်ကိုင်ကြည့်ဖို့တွေ၊ ကိုယ့်ရဲ့အနီးဆုံးကဖောက်သည်တွေကို မိတ်ဆက်ရောင်းချနိုင်ဖို့ စတာတွေကို
အချိန်တိုအတွင်းမှာတင် အကျွမ်းတ၀င်ဖြစ်လာစေလို့ပါပဲ။

Melt & Pour ဆိုတဲ့အတိုင်း အသင့်လုပ်ပီး ဆပ်ပြာကို
ပျော်အောင်ပြန်အပူပေး၊ ကိုယ်ထပ်ထည့်ချင်တဲ့ Additive တွေရှိ
ရင်ထပ်ထည့်၊ အရောင်နဲ့အနံ့ရော၊ သင့်တော်တဲ့ Mold ထဲကို
လောင်းထည့်ပီး ဆပ်ပြာလုပ်ယူတာပါ။ အအေးခံပီး မာသွားတာနဲ့
အသုံးပြုလိုရတဲ့အဆင့်ကိုရောက်ပါတယ်။ M&P ရဲ့အဓိကကောင်းကွက်တွေက အန္တရာယ်များတဲ့ Lye ကို ကိုင်တွယ်စရာမလိုဘူး၊
ကိုယ့်စိတ်ကြိုက် အရောင်နဲ့အနံ့အစုံသုံးလို့ရနိုင်တယ်၊ ကလေးငယ်
တွေကအစ ပါဝင်လုပ်ကိုင်ဆောင်ရွက်လို့ရတယ်။ သင်ကြားပေးလို့
ရတယ်။ CP မှာလို Cure လုပ်ချိန် 4-6 ပတ်လောက်ထိအချိန
်စောင့်စရာမလိုပါဘူး။ အပျံစားဒီဇိုင်းနဲ့ ဆပ်ပြာအများစုဟာ M&P
နည်းနဲ့လုပ်ထားတာတွေဖြစ်ပါတယ်။  အလွှာလိုက်ဒီဇိုင်းတွေလုပ်လို့ရသလို အလင်းပေါက်ဆပ်ပြာကိုလည်း M&P ကပဲ လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သိသာတဲ့အားနည်းချက်တခုကတော့ M&P
ဆပ်ပြာတွေဟာ CP ဆပ်ပြာတွေလိုမျိုး ရေချိုးရင်ကြာကြာအသုံးမခံပါဘူး။
M&P ဆပ်ပြာလုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာအသုံးအနှုန်း
လေးတွေကို သိနိုင်စေဖို့လိုပါတယ်။

SOAP BASE:

အများအားဖြင့်တော့ အကြည်ရောင် Soap base နဲ့ Titanium dioxide ရောထားတဲ့ Soap base အဖြူရောင်တို့ဖြစ်ပါတယ်။ တခြားအပိုထပ်ဖြည့်ထားတဲ့ Soap base တွေကတော့ Goat Milk နဲ့ Shea Butter Soap base တွေဖြစ်ပါတယ်။ ထပ်တိုးအပိုဖြည့်ထားတဲ့ Soap Base တွေကိုသုံးရင် တခုသတိပြုရမှာက ကိုယ်လုပ်တဲ့ဆပ်ပြာရဲ့အရောင်အပေါ်မှာ သက်ရောက်နိုင်တယ်ဆိုတာပါ။ ဥပမာ- ဆိတ်နို့ ဆပ်ပြာဆိုရင် အလင်းပိတ်ဆင်စွယ်ရောင်၊ Alovera တို့ Hemp တို့ဆိုရင် စိမ်းကြည်ကြည်၊ ပျားရည်ဆိုရင် အ၀ါရင့်ရင့်နဲ့ကြည်လင်နေမယ်။ ဒီလိုနဂိုအရောင်တွေပါတဲ့အတွက် ကိုယ်ထပ်ထည့်ချင်တဲ့အရောင်တွေနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်
တခြားအရောင်ကိုပြောင်းသွားနိုင်တာမို့ သတိပြုတွက်ဆဖို့လိုအပ်ပါတယ်။

GLYCERIN:

M&P နဲ့ CP ဆပ်ပြာနှစ်မျိုးလုံးပြုလုပ်တဲ့အခါမှာ saponification ဖြစ်စဉ်ရဲ့ သဘာဝဘေးထွက်ပစ္စည်းတခုဖြစ်ပါတယ်။ M&P မှာ ရာခိုင်နှုန်းပိုမိုတွေ့ရှိရပါတယ်။ ဒါကြောင့်လဲ M&P soap base ကို glycerin soap base လို့ခေါ်ဝေါ်
လေ့ရှိပါတယ်။ Glycerin ဟာ ရေဓါတ်ကိုဆွဲဆောင်နိုင်ပီး
ထိန်းသိမ်းထားနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အရေပြားအတွက်ပိုမို
သင့်တော်ကောင်းမွန်သော ဂုဏ်သတ္တိရှိတဲ့ဆပ်ပြာကို ဖန်တီးနိုင်စေပါတယ်။ ပုံမှန်ဈေးကွက်မှာရောင်းလေ့ရှိတဲ့ ကိုယ်တိုက်ဆပ်ပြာအများစုမှာ glycerin ကိုဖယ်ထုတ်ထားလေ့ရှိတာကြောင့်လဲ သိတဲ့သူ
တွေက M&P ဆပ်ပြာကို ပိုနှစ်သက်သဘောကျသုံးစွဲလိုကြတာဖြစ်ပါတယ်။

FRAGRANCE:

ဆပ်ပြာကိုရနံ့သင်းစေဖို့ထည့်တာဖြစ်ပါတယ်။ ရနံ့အတုသော်၎င်း၊ သဘာဝရနံ့အစစ်တွေကိုသော်၎င်း သုံးစွဲလေ့ရှိပါတယ်။ ဘာပဲသုံးသုံး ဆပ်ပြာမှာသုံးနိုင်တာ၊ skin safe ဖြစ်တာတွေကိုပဲ သုံးရမှာဖြစ်ပါတယ်။ ဒီအချက်​က​တော်​​တော်​အ​ရေးကြီးပါတယ်​။ Supplier ​တွေကိုလည်း​သေချာ​မေးဖို့လိုသလို သူတို့ကလည်းမှန်​မှန်​ကန်​ကန်​​ဖြေဖို့လိုပါတယ်​။ တခြားအလှဆင်ပစ္စည်း၊ ဖယောင်းတိုင်နဲ့ ရနံ့သက်
သက်သုံးတဲ့ အနံ့ဖြစ်​ရုံနဲ့ သုံးလို့မရပါဘူး။ ထည့်သင့်တဲ့နှုန်းကတော့ Soap base တပေါင်မှာ ရနံ့ .25 အောင်စခန့်ဖြစ်ပါတယ်။ ဒါက အကြမ်း ဖျင်းသိသင့်တာကိုပြောတာပါ။ တကယ်တမ်းတော့ ကိုယ် Essential Oil, Fragrance ၀ယ်သူထံက လိုအပ်တဲ့သတင်းအချက်အလက်တွေ ကို မေးမြန်းစုံစမ်းထားရမှာဖြစ်ပါတယ်။ Peppermint, Spearmint လိုအဆီတွေက နူးညံ့တဲ့အသားနေရာတွေကို အေးမြစေနိုင်ပြီး Clove, Cinnamon အဆီတွေလိုအဆီတွေကတော့ ပူစေမှာဖြစ်ပါတယ်။ M&P Soap မှာတော့ ရနံ့
တွေကို စိတ်ကြိုက်ထည့်ခွင့်ရစေပါတယ်။

COLORANTS:

 အရောင်အနေနဲ့သုံးမယ်ဆိုရင်တော့ ကလေးတွေပုံဆွဲရင်သုံးတဲ့ Crayon, RIT dye လိုမျိုးတွေလဲသုံးလို့ရပါတယ်။ ဒါကတော့ ကျင့်စအခြေအနေမျိုးမှာပေါ့။ တကယ်တမ်းကျွမ်းကျင်လာတဲ့အချိန်မှာ
တော့ oxides, Pigments, အရောင်ရည်တွေ၊ LabColors, Color Blocks, Micas, ရွှံ့စေးရောင်အမျိုးမျိုး စတာတွေကို သုံးစွဲနိုင်ပါတယ်။ အိုးလုပ်တဲ့ရွှံ့စေးထက်တော့ အဆင့်မြင့်တဲ့ရွှံ့တွေဖြစ်ရပါမယ်။ အရောင်နဲ့ပတ်သက်ရင် Non-bleeding ဆိုတဲ့ဝေါဟာရကိုသိထားဖို့လိုပါတယ်။ သဘောကတော့ ဆပ်ပြာရဲ့အစိတ်အပိုင်းတခုမှာရှိတဲ့ အရောင်က အခြားအစိတ်ပိုင်းတခုကို ကူးမသွားရတဲ့သဘောပါပဲ။ အပေါ်ကရနံ့နဲ့ အခုပြောတဲ့အရောင်တွေအကြောင်းကို ပိုပီးသိဖို့အတွက် ဆပ်ပြာလုပ်ရမှာ စစချင်း လောဘမကြီးပါနဲ့ small batch လေးတွေလုပ်ပါ။ တမျိုးတိုင်းကို အရောင်အနံ့ မတူကွဲပြား
အောင်စမ်းသပ်ပါ။ လုပ်တိုင်းမှာ မှတ်​စုနဲ့သေချာမှတ်သားထားပါ။
ဒီအလုပ်ဟာ အနုပညာတခုလိုပါပဲ။ သူများလုပ်ပီးသားကို ကူးချလုပ်ယူလို့ရပေမယ့် ကိုယ်တိုင် စမ်းသပ်ကျင့်ယူရင်းနဲ့ ကိုယ့်ရဲ့ အရေအ
သွေးစစ်စစ်ကိုဖေါ်ထုတ်ယူတာက ပိုပီးတော့ စိတ်ကျေနပ်စရာ
ကောင်းသလို ဈေးကွက်မှာဖြန့်တဲ့ အခါမှာလည်း ပိုပီးယုံကြည်မှုရှိစေပါတယ်။ ခိုးမချရဘူးလို့မဆိုလိုပါဘူး။ နိုင်ငံတကာကျင့်စဉ်တခုလိုပေါ့ စု-တု-ပြု ဖြစ်သင့်တဲ့သဘောကို ဆိုလိုခြင်းဖြစ်ပါတယ်။

MOLDS:

အသုံးများတဲ့ Mold တွေကတော့ Heavy Duty Molds, Milky Way Molds, Silicone Molds တွေဖြစ်ပါတယ်။လုပ်ခါစမှာ ပလပ်စတစ်ခွက်တွေမှာလည်း ကျင့်လုပ်လို့ရပါတယ်။ M&P က Moldထဲထည့်တာနဲ့ ထုတ်ယူတာမှာ CP soap လောက
်မခက်ခဲပါဘူး။ ရိုးရှင်းလွယ်ကူပါတယ်။

SAFETY:

 Soap Base တွေအရည်ပျော်ချိန်မှာ အပူချိန်ဟာ ပုံမှန်အားဖြင့် 120 ဒီဂရီအထက်မှာရှိပါတယ်။ အသားကိုထိရင်အပူလောင်စေနိုင်ပါတယ်။ ဒါကြောင့်လဲ အပူခံ ခွက်၊ ဇွန်း စတာတွေကိုပဲသုံးသင့်ပါ
တယ်။ ကလေးတွေဝင်လုပ်ကြည့်မယ်ဆိုရင်လည်း လူကြီးကကြီး
ကြပ်ပေးပီး ခွက်တွေကလည်း သူတို့ကိုင်တွယ်နိုင်လောက်တ
ဲ့အလေးချိန်ပမာဏဖြစ်ဖို့သတိပြုရပါမယ်။

ခုဖေါ်ပြသွားတာတွေက အခြေခံသိသင့်တာတွေလောက်ပဲဖြစ်ပါ
တယ်။ နောက်ထပ်ပိုပီးသိထားသင့်တာတွေကို ရေးပါဦးမယ်။
အင်တာနက်ပေါ်မှာ အကြောင်းအရာတခုနဲ့ပတ်သက်တာတွေ
အမြောက်အများရှိပါတယ်။ တခုတိုင်းနဲ့ပတ်သက်တာကိုသာ
အကုန်လေ့လာနေရင် လိုရင်းမရောက်ဖြစ်တက်တာမို့ တကယ်သိ
သင့်တာ၊ ဆွေးနွေးသင့်တာကိုပဲ ရေးသားချင်ပါတယ်။ ချိန်နေရုံန
ဲ့မပြီးသေးပါဘူး။ ပစ်လည်းပစ်ရပါဦးမယ်။

အထက်ပါအချက်အလက်များကို soapqueen နှင့် အခြားအင်တာနက်သတင်းအချက်အလက်များကို မှီငြမ်းရေးသားပြန်ဆိုခြင်းဖြစ်ပါ သည်။

Credit to Original Writer
KhonCho
Bcome






Comments

Popular posts from this blog

စက္ကူမီးပုံး​လေး​လုပ်​ကြရ​အောင်