ဆိုင်ကယ်အင်ဂျင် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်ရခြင်းအကြောင်း
ဆိုင်ကယ်အင်ဂျင် တွန့်ဆုတ် တွန့်ဆုတ်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဖြစ်ရခြင်းအကြောင်း
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဆိုင်ကယ်အင်ဂျင်တွေမှာ အများဆုံးဖြစ်လေ့ရှိတက်တဲ့ ပြဿနာကတော့
တွန့်ဆုတ် တွန့်ဆုတ်ဖြစ်တက်ကြပါတယ်။အဓိကပြဿနာတွေကတော့ ဆီ /မီး ပေါက်ကွဲအားမမျှခြင်းကြောင့် အများဆုံးဖြစ်တက်ပါတယ်။ဆိုင်ကယ်တွေမှာ လီဗာဆွဲလိုက်လျှင်တုံ့ဆိုင်း တုံ့ဆိုင်းအင်ဂျင်တွေမှာ အင်ဂျင်လည်ပတ်မှု ပုံမှန်မဟုတ်သော ပြစ်ချက်တစ်မျိုးဖြစ်ပါတယ်။
ဆီပို့စနစ် မီးပေးစနစ်တို့သာ အဓိကဖြစ်ပါတယ်။
ဆီမမှန် မီးမမှန်သောအင်ဂျင်သည် ပေါက်ကွဲအားကောင်းမည် မဟုတ်ပါ။အင်ဂျင်လည်ပတ်မူ မမှန်ဘဲ တွန့်ဆုတ်
တွန့်ဆုတ်ဖြစ်နေသောပြဿနာအကြောင်းအရင်းများစွာရှိပါတယ်။ဆိုင်ကယ်တွေမှာကခေတ်နဲ့အညီပြောင်းလဲထုတ်လုပ်လာခြင်းကြောင့်ခေတ်ဟောင်းဆိုင်ကယ်အင်ဂျင်ဖွဲ့စည်းပုံစနစ်ကွဲပြားခြားနားပါတယ်။
ခေတ်ဟောင်းနဲ့ခေတ်သစ်ဆိုင်ကယ်တွေမှာ ရိုးရိုးစနစ် ကာဗရိုက်တာနဲ့efiစနစ်ဆိုပြီးကွဲပြားပါတယ်။ကာ
ဗရိုက်တာစနစ်ကိုကျင့်သုံးတဲ့ဆိုင်ကယ်တွေမှာ လေနဲ့ဆီ ရိုးရိုးလေးဘဲအချိုးကြပြီးပေါက်ကွဲပါတယ်။ရိုးစင်းပါသည်။လွယ်ကူပါသည်။
efi စနစ်ဆိုင်ကယ်တွေမှာတော့ဆင်ဆာတွေများပြီး
ecuကဆင်ဆာအားလုံးကို ထိန်းချုပ်ထား၍ နည်းပညာရှုပ်ထွေးပါသည်။လောင်စာဆီကို lnjector ကဖြန့်ဝေပေးသည်။အင်ဂျင်ပြစ်ချက်များကို မျက်မြင် စစ်ဆေးရုံဖြင့် ပြစ်ချက်များကိုမရှာဖွေနိုင်ပါ။ api်ကိုသုံးကြသည်။
ဆိုင်ကယ်အင်ဂျင်တွေမှာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်ပြီဆိုရင် ဘာတွေအရင်စစ်ဆေးပေးရမလဲ
ပထမဆုံး ဆီကိုသေချာစစ်ဆေးပါ။ဆီ အလိုက်နည်းလား ဆီတိုင်ကီ ပိတ်ဆို့နေလား
ဆီစစ်ဘူး ပိတ်နေလားဒါတွေကိုသေချာစစ်ဆေးပေးပါ။
ဆီလိုင်း ပိတ်ဆို့နေပြီဆိုရင် ကာဗရိုက်တာသို့ဆီပို့နိုင်မည်မဟုတ်ပါ။ပေါက်ကွဲအားကောင်းဖို့ ဆီအလုံ အလောက်မပေးနိုင်သဖြင့်တွန့်ဆုတ် တွန့်ဆုတ်
ဖြစ်တက်ပါသည်။လေစစ် air cleaner တွင်ဖုန်မူန့် သဲမူန့်များကြောင့် အင်ဂျင်တွင်လေအဝင်နည်းခြင်းကြောင့်လည်းဖြစ်တက်ပါသည်။ကာဗရိုက်တာ မကောင်းလျှင်လဲ လေနနဲ့ဆီရောဆက်မူအချိုးအစားမမှန်မကန်ဖြစ်တက်ပါတယ်။
နောက်တမျိုးကတော့မီးလိုင်း မီးလိုင်းတွေမှာတော့ ကွိုင် cdi ပလပ်ကွိုင်
ဖြတ်ကွိုင်ခေါ်ပါဆာ ပလပ်များစသည့်တို့ပါဝင်ပါသည်။
ကွိုင်ဆိုတာက စတက်ကွိုင်ကို ခေါ်ပါတယ်။ကွိုင်အားနည်းရင် ပလပ်ကိုမီးမပွင့်နိုင်သောကြောင့် အင်ဂျင်ကောင်းကောင်း မလည်ပတ်နိုင်ပါ။cdi သူကလည်း အဓိကပါဘဲ cdi တစ်လုံး မကောင်းလျှင် မီးလုံးဝပြောက်တက်ပါတယ်။ကောင်းလိုက် မကောင်းဖြစ်နေရင်လည်း အင်ဂျင်တုံ့ဆိုင်းမူကို ဖြစ်တက်ပါသည်။ပလပ်ကွိုင်မကောင်းလျှင်လဲ မီးမပေးနိုင်ပါ။ပလပ်ကွိုင်ကိုလည်း သေချာစစ်ဆေးပါ။ဖြတ်ကွိုင်ခေါ် ပါဆာကိုလည်းစစ်ဆေးရမည်။သူက တိုင်ပင်တစ်ပတ်ပြည့်တိုင်းမီးထွက်ပေးပါသည်
နောက်ဆုံးကတော့ ပလပ် ဆီမသန့်ခြင်းကြောင့် ပလပ်ကိုညစ်ညမ်းစေတက်ပါသည်။ထိုသို့ ဖြစ်ခြင်းကြောင့် ပလပ်သည် မီးမပွားနိုင်ဘဲဖြစ်တက်သည်။ညစ်ညမ်းနေသော
ပလပ်သည် မီးကောင်းစွာမပွင့်နိုင်သောကြောင့် ဆိုင်ကယ်အင်ဂျင်တွေမှာ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်ရခြင်း ဖြစ်ပါသည်။

Comments
Post a Comment