Posts

စက္ကူမီးပုံး​လေး​လုပ်​ကြရ​အောင်

Image
နှစ်တနှစ်ရဲ့ ဆယ့်နှစ်လ လုံးမှာ သက်ဆိုင်ရာ ပွဲလမ်း သဘင်တွေနဲ့ စည်ကားမြဲ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ အခုလည်း သီတင်းကျွတ် ကာလကို ရောက်ဖို့ နီးကပ် လာပါပြီ။ ဆယ့်နှစ်လ ရာသီမှာ တခု အပါအဝင် ဖြစ်တဲ့ သီတင်းကျွတ် ကာလမှာ မြန်မာတို့ရဲ့ ဓလေ့အတိုင်း မြတ်စွာ ဘုရားရှင်ကို ဆီမီးထွန်းညှိ ပူဇော်ကြ ပါတယ်။ သီတင်းကျွတ် လပြည့်နေ့မှာ မြတ်စွာ ဘုရားဟာ တာဝင်္တီသာ နတ်ပြည်မှာ ရှိတဲ့ မယ်တော် မိနတ်သားကို ဓမ္မစကြာ တရားဟောပြီး လူ့ပြည်ကို ပြန်ကြွရာမှာ လူတွေက ဆီမီးတွေနဲ့ ကြိုဆို ပူဇော် ကြတာပါ။ ခု နောက်ပိုင်းမှာတော့ ဖယောင်းတိုင်မီး အပြင် လျှပ်စစ် မီးသီးလေးတွေ၊ အလှ မီးပုံးလေးတွေနဲ့ ပိုပြီး ချစ်စရာ ကောင်းအောင် ပြုလုပ် လာကြပါပြီ။ ဒီဇိုင်းစုံ၊ အရောင်အသွေး စုံနဲ့ စက္ကူ မီးပုံးလေး တွေကို အရွယ် အစားစုံနဲ့ ချိတ်ဆွဲ ထားကြတာ ချစ်စရာ ကောင်းတဲ့ မြင်ကွင်းပါ။ မီးပုံးလေး တွေက ဆိုင်မှာ ဝယ်ယူလို့ ရတယ် ဆိုပေမယ့် ကိုယ့်လက်ဖြစ် မီးပုံးလေးတွေနဲ့ ထွန်းညှိ အလှဆင် ရတာကို သဘောကျတဲ့ လူငယ် တွေလည်း ရှိပါတယ်။  ဒီတပတ်အတွက် ပရိတ်သတ်ကို သီတင်းကျွတ် ပွဲတော် အတွက် ကိုယ်တိုင် လုပ်ထားတဲ့ မီးပုံးလေးတွေနဲ့ အလှဆင်နိုင်အောင်လို့ ချစ်စရာ ကောင်းတဲ့ စက္ကူ မီးပုံး ဝိုင်းဝိ

တရုတ်​မီးပုံးလုပ်​နည်း(videos)

Image

ဆပ်ပြာလုပ်နည်း (အခြေခံသိရမည့်အချက်များ) Melt & Pour ဆပ်ပြာလုပ်နည်း

Image
ဆပ်ပြာလုပ်နည်း (အခြေခံသိရမည့်အချက်များ) Melt & Pour ဆပ်ပြာလုပ်နည်း 🌟⭐🌟⭐🌟⭐🌟⭐⭐🌟⭐⭐🌧🌦🌥 Cold Process ဆပ်ပြာနဲ့ပတ်သက်တဲ့အခြေခံတွေရေးပီးတဲ့နောက် သိသင့်တဲ့ Melt & Pour (M&P) ဆပ်ပြာလုပ်နည်းနဲ့ ပတ်သက်တာတွေကိုလည်းရေးပါဦးမယ်။ ဒီနှစ်မျိုးမှာ အဓိကထူးခြားချက်ကတော့ CP ဆပ်ပြာက အဆီတွေနဲ့ Lye ဓါတ်ပြုပီး ဆပ်ပြာ လုပ်ယူတာဖြစ်ပါတယ်။ M&P ကတော့ အသင့်ပြုလုပ်ပီးသား ဆပ်ပြာကုန်ကြမ်းကို ကိုယ်လိုချင်တဲ့အရောင်၊ အနံ့၊ ဒီဇိုင်းပြန်လုပ်ယူတာဖြစ်ပါတယ်။ အပြင်က commercial soap တွေကိုမသုံးချင်သူတွေ၊ ကိုယ်ပိုင်စိတ်တိုင်းကျအရောင်အနံ့လေးတွေနဲ့ tailer made soap လေးတွေ လုပ်ချင်သူတွေ၊ Handmade soap ဆပ်ပြာထုတ်ပီးဈေးကွက်ကိုရောင်းချချင်သူတွေအနေနဲ့ စမ်းသပ် ထုတ်လုပ်ဖို့ကောင်းတဲ့ ဆပ်ပြာလုပ်နည်းလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆပ်ပြာရဲ့ အရောင်သဘောတရား၊ Additive လို့ခေါ်တဲ့ ထပ်ပေါင်းထည့်တဲ့ အမှုန့်၊ အစေ့ အဆံတွေရဲ့မထည့်ခင်နဲ့ထည့်ပီးအခြေအနေတွေ၊ ရနံ့တွေ၊ ထည့်လိုက်တဲ့ရနံ့နဲ့ အစေ့၊ အဆံအမှုန့်တွေရဲ့ အကျိုးကျေးဇူးတွေ၊  Mold တွေ၊ Packaging အတွက်စမ်းသပ်လုပ်ကိုင်ကြည့်ဖို့တွေ၊ ကိုယ့်ရဲ့အနီးဆုံးကဖောက်သည်တွေကို မိတ်ဆက်ရောင်းချ

Swirling method ဖြင့်ဆပ်ပြာ အလှပုံဖော်ခြင်း

Image
Swirling method ဖြင့်ဆပ်ပြာ အလှပုံဖော်ခြင်း 🍨🍧🍦🍨🍧🍦🍦🍧🍨🍭🍧🍦🍦🍨🍧🍦 ဆပ်ပြာပြုလုပ်ခြင်းဆိုတာ chemical ပစ္စည်းတွေကို အတိအကျ တွက်ချက်ပြင်ဆင်ရတဲ့ science ပါ။ swirling ဆိုတာကတော့ အနုပညာပါ..soap swirling ကတော့ science and art ပေါင်းစည်းထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ် #swirl ထားသော ဆပ်ပြာတုံးလေးကိုကြည့်ပြီး ပြောမပြနိုင်တဲ့ စိတ်ကျေနပ်မှုများ ခံစားရမယ်လို့ အာမခံပါတယ်။ CP နည်းနဲ့ လုပ်တဲ့ ဆပ်ပြာတုံးလေးတွေကို ပုံဖော်ရာမှာ နည်းလမ်းများစွာသုံးလို့ရပါတယ်။ နည်းမျိုးစုံထဲကမှ swirling နည်းနဲ့ပုံဖော်ရာမှာတော့ ကျွမ်းကျင်မှု၊ အကြိမ်ကြိမ်လေ့ကျင့်မှု၊ အမြင်စူးရှမှုတို့လိုအပ်ပါတယ်။ အမြင်စူးရှမှု ဆိုရာမှာ cold process တွင် မည်သို့မည်ပုံဆွဲလျှင် ပိုမိုလှပ လာမည် ဆိုသော အမြင်ကို ဆိုလိုတာပါ။ Swirling နည်းလမ်းတွေကတော့ -လှည့်နေသော အဝိုင်းပေါ်တွင် တင်၍ ပုံဖော်ခြင်း (spin swirl) -မိမိနှစ်သက်ရာ အရောင်စပ်၍ အစက်များချပြီး တုတ်ဖြင့် ပုံဖော်ခြင်း (drop swirl) -မိုလ်ထဲတွင် ချိတ်ဖြင့်ပုံဖော်ခြင်း ( hanger swirl) -အိုးထဲတွင် အရောင်စပ်၍ ပုံစံခွက်ထဲ လောင်းချပုံဖော်ခြင်း( in-the-pot swirl) စသည်ဖြင့် နည်းလမ်းများစွာရှိပါတယ်။
Image
ဆီ နှစ်မျိုးထဲပါတဲ့ cp နည်းနဲ့ ဆပ်ပြာလုပ်နည်း​ အင်မတန်ရိုးရှင်းတဲ့  ဆီ နှစ်မျိုးထဲပါတဲ့ cp နည်းနဲ့ ဆပ်ပြာလုပ်နည်းလေးပါ။ ဗီဒီယိုကြည့်ချင်တယ်ဆိုရင် ဒီလင့်မှာ ကြည့်ပါ။ ပါဝင်ပစ္စည်းများ -5 အောင်စ water -2 အောင်စ lye -7.5 အောင်စ canola oil - ရှာရခက်ရင် အုန်းဆီအစားထိုးသုံးလဲရပါတယ် -7.5 အောင်စ olive oil လိုအပ်သော ပစည်းများ -lye ခေါ် ဆိုဒီယမ် ဟိုက်ဒရောဆိုက် ခေါ် NaOH ခေါ် အယ်ကာလီ (lye ဟာ အရည်အသွေး ပြည့်ပြည့်၀၀ဖြစ်နေဖို့ အရေးကြီးပါတယ်။ တချို့ နှစ်ချီကြာနေတဲ့ lye တွေဆို မသုံးပါနဲ့တော့) -မွှေဖို့ ဆီလီကွန်ယောင်းမ -safety အတွက် မျက်မှန်၊ လက်အိတ်၊ မျက်နှာဖုံး (ကျွန်တော်ကတော့ အကျီလက်ရှည် ဖိနပ်ခြေပိတ် ပါဝတ်ပြီးမှ ဆပ်ပြာလုပ်ပါတယ်) -stick blender (ဈေးနည်းနည်းများနေလို့ မ၀ယ်သေးဘူးဆိုလဲ ဆီလီကွန်ယောင်းမနဲ့ပဲ မွှေလို့ရပါတယ် အကြာကြီးတော့ မွှေရမှာပေါ့နော်) -lye ထည့်တိုင်းဖို့ ခွက်သေးသေးတစ်လုံး -ရေနဲ့ lye ရောမွှေဖို့  (စတီး) ဇွန်း တစ်ချောင်း။ -ဆီထည့်တိုင်းတဲ့ ခွက်အကြီး (ဗီဒီယိုထဲမှာ ဒီခွက်ထဲမှာပဲ ဆပ်ပြာလုပ်ပြထားပါတယ်) -ဆီနဲ့ lye ရောမွှေဖို့ ခွက်အသေး -သာမိုမီတာ ပြုလုပ်ပုံအဆင့်ဆင့် -ပထမဆုံး လိုအပ်တဲ့ပစ္စည်းတွေကို အလေ