စီးပွားဖြစ်​လုပ်​သင့်​တဲ့ ပန်းသီရှာလကာရည်

ပန်းသီး ရှာလကာ ရည်​​လေး ပါ
~~~~~~~~~&~~~~~~~
ဆေးဖက်​ဝင်​တယ်​ဆိုလို လုပ်​ကြည့်​တာ အရသာပါအရမ်း​ကောင်းတယ်​ လုပ်​ရတာလည်းမခက်​ဘူး​လေ ပန်းသီး ၅လုံး၆လုံး​လောက်​ကို ​ရေ​ပြောင်​​အောင်​​ဆေးပြီး ​ခြောက်​​အောင်​ tissue ​လေးနဲ့ပြန်​သုပ်​​ပေးပြီး အစိတ်​အပိုင်း ​လေး​တွေဖြတ်​ ပါ ။ ပြီးလျှင်​​ခြောက်​​သွေ့​နေ​သော ပုလင်းသန့်​သန့်​ထဲထည့်​ သကြားညို ရှိလျှင်​သကြာညို သုံး​ပေးပါ ၊ သကြားထည့်​ (ခန့်​မှန်း) ပြီးလျှင်​​ရေကျက်​​အေး /​ရေသန့်​ ထည့်​ပြီး ​လေ လုံ​အောင်​ ရက်​၂၀ပိတ်​ထား ပါ ။ ၂၀ရက်​ပြည့်​လျှင်​ အဖတ်​များစစ်​ထုတ်​၍ ပုလင်းထဲ ထည့်​သိမ်း ထားလို့ရပါပြီ ။ အဆီကျ ​အောင်​ဒီအတိုင်းပဲ​သောက်​​သောက်​ ၊ မျက်​နှာ​ချွေး​ပေါက်​ကျဉ်​​အောင်​ တိုနာအ​နေနဲ့ပဲ လိမ်းလိမ်း ၊ ဟင်းထဲပဲ ထည့်​ချက်​ချက်​ လိုအပ်​သလို အသုံးပြုနိုင်​တဲ့ သဘာသစ်​သီး ပန်းသီး ရှာလကာရည်​ ​လေးကို ကိုယ်​တိုင်​လုပ်​ကြည့်​တာ ​အောင်​မြင်​သွားလို့ပြန်​လည်​​ဝေမျှ လိုက်​ပါတယ်​ရှင်​ ....။




Comments

Popular posts from this blog

စက္ကူမီးပုံး​လေး​လုပ်​ကြရ​အောင်

ဆိုင်ကယ်အင်ဂျင် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်ရခြင်းအကြောင်း