အသီးစုံဆပ်ပြာပြုလုပ်နည်း
#homemade #ရှာလကာရည်ဆပ်ပြာ #Apple cider vinegar soap #ဗီနီဂါ ဆပ်ပြာ ပြုလုပ်နည်း
🌰🍨🍧🍦🍧🍨🍭🍨🍧🍦🍧🍨🍭🌟⭐
ဗီနီဂါဆပ်ပြာထဲမှာဘာတွေပါလဲ
ဗီနီဂါဆပ်ပြာဆိုတာ ဗီနီဂါထဲမှာပါတဲ့ အက်ဆီတစ် အက်ဆစ် နဲ့ lye နဲ့ ပေါင်းစပ်ထားတဲ့ ဆပ်ပြာအမျိုးအစားပါ။ ဗီနီဂါဆပ်ပြာတွေဟာ lye ရဲ့ PH level ကို လျှော့ချပေးတယ်လို့ အများစုက ယူဆကြပါတယ်။
အက်ဆစ်ဘယ်လောက်ပမာဏထိအသုံးပြုထားလဲ
စက်ရုံထုတ် ဗီနီဂါတွေမှာ ရေ 100 % နီးပါးအထိ ပါဝင်ပါတယ်။ အက်ဆီတစ်အက်ဆစ် ကတော့ ၅% ပါဝင်ပါတယ်။ ဗီနီဂါရည်တစ်အောင်စ (စားပွဲတင်ဇွန်းနှစ်ဇွန်းသာသာ သို့ ၂၈ ဂရမ်) မှာ အက်ဆီတစ် အက်ဆစ် ၁.၅ ဂရမ် ပါဝင်ပါတယ်။
ဗီနီဂါက lye ကို ဘယ်လောက်အထိ ဓါတ်ပြယ်စေနိုင်သလဲ
ဗီနီဂါ ၁အောင်စ (၂၈ ဂရမ်) ဟာ lye (NaOH) ၁ ဂရမ် ကို ဓါတ်ပြယ်စေနိုင်ပါတယ်။ KOH ကိုတော့ ၁.၄ ဂရမ် အထိ ဓါတ်ပြယ်စေပါတယ်။ ဒီတော့ သင့်ဆပ်ပြာထဲကို vinegar ထည့်သုံးမယ်ဆိုရင် lye ကိုလဲ ဓါတ်ပြယ်တာ ကာမိအောင် သူ့အချိုးအစားအလိုက် ပိုထည့်ရပါတယ်။ ပိုမထည့်ရင်တော့ superfat ဖြစ်ပါလိမ့်မယ်။
ဗီနီဂါကို ဆပ်ပြာထဲ ဘယ်လိုထည့်မလဲ
ထည့်ချင်တဲ့ ဗီနီဂါပမာဏကို အရင်ချိန်တွယ်ထားပါ။ ပြီးရင် ကျန်တဲ့ ပမာဏကို ရေထည့်ပါ။ ဥပမာ ရေတစ်ဝက် ဗီနီဂါ တစ်ဝက် ပေါ့။ ရေနဲ့ ဗီနီဂါနဲ့ ရောလိုက်ပါ။ lye ကို အဲ့ဒီအရောထဲ ထည့်မွှေပါ။ ပြီးရင်တော့ ပုံမှန်ဆပ်ပြာလုပ်သလိုပဲ ဆက်သွားလို့ရပါပြီ။
မှတ်ချက်
Lye ပိုမထည့်ရင် ဗီနီဂါထဲမှာပါတဲ့ အက်ဆစ်ဟာ lye ကို ဓါတ်ပြယ်စေပြီး အဆီဓါတ်ပိုများတဲ့ ဆပ်ပြာကို ထွက်လာစေပါတယ်။ ဆပ်ပြာသမားတွေကတော့ (ကျွန်တော်လဲ အပါပေါ့ ဟီး) သူတို့ ဆပ်ပြာထဲမှာ ဗီနီဂါ တော့ထည့်ပါရဲ့။ lye ကျတော့ ပိုမထည့်ပဲ သူတို့ ဆပ်ပြာဟာ အဆင်ပြေတယ် ကောင်းတယ်ပဲ အမြဲပြောတတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အပြင်ပန်းမှာ ဆပ်ပြာဟာ တကယ်ပဲ ကြည့်လို့ အဆင်ပြေနေပါတယ်။ တကယ်တမ်းမှာတော့ ဆပ်ပြာဟာ ဗီနီဂါထည့်တဲ့ ပမာဏနဲ့ အချိုးညီညီ superfat ဖြစ်နေပါတယ်။ ဆပ်ပြာဟာ ပျော့မယ်။ အမြှုပ်နည်းမယ်။ ဆီချေးစော်မြန်မြန်နံလာတတ်ပါတယ်။
ဆပ်ပြာရည်တွေဆို ပိုဆိုးပါတယ်။ ဆပ်ပြာရည်မှာ ဆူပါဖတ်က ၃% လောက်ဆိုရင်ကို ပိုနေတဲ့ အဆီတွေက အပေါ်မှာ ထူထူကြီးတက်လာတတ်တော့ KOH နဲ့လုပ်ကြည့်ရင် ပိုသိသာပါတယ်။
ဗီနီဂါကို မျက်နှာအလှအပနဲ့ အသားအရည်အတွက် သုံးသင့်တဲ့အချက်ငါးချက်ရှိပါတယ်။ ဒါပေမယ့် မျက်နှာပေါ်ကို တိုက်ရိုက်တင်တာမျိုးတော့ မလုပ်သင့်ပါဘူးတဲ့။ (ဒါကစာထဲပါတာပါ။ ကျွန်တော်တော့ ညတိုင်းလိမ်းအိပ်တယ်။ လိမ်းထားကာစအချိန်ဆို အနံ့ကအတော်ဆိုးတယ်။ ရလာဒ်လေးက အံ့မခန်းမို့သာ အောင့်အည်းလုပ်ရတာ လှချင်တာကိုး :P) ရေတစ်ဝက် ဗီနီဂါတစ်ဝက်ရောပြီးတော့ မှ အသားအရည်ပေါ်လိမ်းဖို့ တိုက်တွန်းထားပါတယ်။
ဗီနီဂါရဲ့ စူပါပါဝါတွေကတော့-
1)အသက်အရွယ်ရလာရင် ထွက်လာတတ်တဲ့ အစက်အပြောက်တွေကို လျော့ပါးစေပါတယ်။ နေ့စဉ် vinegar နဲ့ မျက်နှာသစ်ပေးမယ်ဆိုရင် အစက်အပြောက်တွေ လျော့ပါးလာတာကို သိသိသာသာ မြင်ရပါလိမ့်မယ်။ သူ့မှာပါတဲ့ အက်ဆစ်အပျော့စား တစ်မျိုးက ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပြီး ဆဲလ်အသစ်ထွက်လာဖို့ ကို အားပေးပါတယ်။ နောက်တစ်နည်းကတော့ ဗီနီဂါကို ဂွမ်းနဲ့ ယူ အစက်အပြောက်တွေပေါ်မှာ တို့ထား။ မိနစ်သုံးဆယ်ထားပြီး ရေအေးအေးနဲ့ ဆေးချပေးပါ။ တစ်လခွဲလောက်ဆိုရင်ကို သိသာပါတယ်။
2)၀က်ခြံနဲ့ ၀က်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလဲ လျော့ပါးစေပါတယ်။ ၀က်ခြံပျောက်ခရင်မ်တွေဘာတွေ ၀ယ်နေစရာမလိုပါဘူး။ ဗီနီဂါက ကူညီပေးပါလိမ့်မယ်။
၃)ပြီးတော့ ဗီနီဂါက အသားအရည်ကို ညှိပေးပါတယ်။ မျက်နှာပေါ်က အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးရုံတင်မက အသားအရည်ရဲ့ PH level ကိုပါ မျှတစေပါတယ်။ ဆိုလိုတာက တစ်ချို့က အသားခြောက်တယ်။ တစ်ချို့က အဆီပြန်တယ်။ ဒါကိုသူက မျှတအောင်ညှိပေးတာပါ။ နေ့စဉ် ဗီနီဂါနဲ့ မျက်နှာသစ်ပေးပြီး လိုချင်တဲ့ အနေအထားရအောင် အသားအရည်ကို ပြုပြင်ယူနိုင်ပါတယ်။
၎)အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။ ဗီနီဂါ ဆပ်ပြာနဲ့ မျက်နှာသစ်ပေးခြင်းအားဖြင့် အရေးအကြောင်း နဲ့ မျက်နှာပေါ်က အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အသားအရည်တွန့်တာကို လျော့ပါစေနိုင်ပါတယ်။
၅)မျက်နှာပေါ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ နေ့စဉ်အသုံးပြုပေးခြင်းအားဖြင့် အဆိပ်အတောက်ကင်းပြီး ငယ်ရွယ်နုပျိုကျန်းမာတဲ့ မျက်နှာလေး ပိုင်ဆိုင်လာပါလိမ့်မယ်။
အလှကုန်ကြော်ငြာနဲ့တောင် တူနေပြီ။ ဆပ်ပြာလုပ်ဖို့ ပါဝင်ပစ္စည်းတွေကတော့ ဆက်ကြည့်ပေးပါနော်။
Lye ပျော်ရည်
---------------
4.16 z (118 g) lye (6% superfat)
9 oz (255 g) COLD apple cider (ရေတစ်ဝက်/ဗီနီဂါ တစ်ဝက် လဲ ရပါတယ်)
ဆီ
----
-သံလွင်ဆီ 15 oz (425 g) (50%)
-အုန်းဆီ 8 oz (227 g) (26%)
-ကြက်ဆူဆီ 2 oz (57 g) (7%)
-Shea butter 2 oz (57 g) (7%)
-နေကြာဆီ 3 oz (85 g) (10%)
- သစ်ကြံပိုးခေါက်မှုန့် 5 g (1.5 tsp) + 5 g (1.5 tsp) နှစ်သက်ရာ essential oils (ဒါတွေကတော့ မထည့်လဲ ရပါတယ်)
ပြုလုပ်နည်းကတော့ အားလုံးလဲ သိနေကြပြီမို့လို့ ထည့်မရေးတော့ပါဘူးနော်။
Ref; several websites
ကျေးဇူးတင်ပါတယ်
Cred
Panwai Paing

Comments
Post a Comment