နို့ဆပ်ပြာအတွက် lyeဖျော်ရည်
ခန္ဓ္ဓာကိုယ် သန့်စင်ဖို့ရာအတွက် လူတော်တော်များများက ရေနဲ့ လုပ်ထားတဲ့ ဆပ်ပြာကိုသာအသုံးများကြပါတယ်။
နို့နဲ့ပြုလုပ်ထားတဲ့ ဆပ်ပြာကတော့ သန့်စင်ဖို့သာမကပဲ အရေပြားကျန်းမာရေးအတွက်ပါ အကျိုးရှိစေပါတယ်။
နို့ဆပ်ပြာဟာ အသားခြောက်သူနဲ့ sensitive ဖြစ်တဲ့ အသားအရည်ပိုင်ရှင်တွေအတွက် အထူးသင့်တော်လှပါတယ်။ နှင်းခူ နဲ့ အရည်ပြားပေါ် အဖုအပိန့်ထွက်တတ်သူများလဲ သုံးသင့်ပါတယ်။
ကျမ်းမာတဲ့အရေပြားကိုပိုင်ဆိုင်ချင်သူတွေအတွက်တော့ ပြီးပြည့်စုံတဲ့ ဆပ်ပြာအမျိုးအစားဖြစ်ပါတယ်။
လတ်လတ်ဆတ်ဆတ်ခုမှညှစ်ထားတဲ့နို့မှာ အောက်ပါအကျိုးကျေးဇူးတွေပါဝင်နေပါတယ်။
အယ်လ်ဖာဟိုက်ဒရောဆိုက်
အယ်လ်ဖာဟိုက်ဒရောဆိုက် အက်ဆစ်ဖြစ်တဲ့ လက်တစ်အက်ဆစ် ဟာ ဆဲလ်အသေတွေကို အရေပြားပေါ်ကနေဖယ်ရှားပေးရုံသာမကပဲ ဆဲလ်အသစ်ထွက်စေပြီး နုပျိုချောမွတ်တဲ့ အသားအရည်ကို ပိုင်ဆိုင်စေပါတယ်။
ဆဲအသေတွေအချင်းချင်းတွယ်ကပ်ပေါင်းစပ်နေတာကိုလဲ အယ်လ်ဖာဟိုက်ဒရောဆိုက်က ပြိုကွဲပျက်စီးစေပြီး အသားအရည်ပေါ်က အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။
ဗီတာမင်
နို့ထဲမှာ ဗီတာမင်မြောက်များစွာပါဝင်နေပါတယ်။ အထူးသဖြင့် ဗီတာမင် အေ အများအပြားပါဝင်နေခြင်းကြောင့် ပျက်စီးနေတဲ့ အရေပြားတစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးပြီး ကျမ်းမာတဲ့အသားအရည်ကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။
ဆေးဘက်ဆိုင်ရာသုတေသနများစွာရဲ့ အဖြေအရ ဗီတာမင် အေ ဟာ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာသော အရေးအကြောင်းများ၊ ၀က်ခြံများကို သက်သာစေပြီး အရေပြားအဖုအပိန့်ထခြင်းကိုလဲ လျော့ပါးစေပါတယ်။
အဆီ
ဆပ်ပြာလုပ်ရာမှာ အဆီဓါတ်ဟာ မရှိမဖြစ်ပါ။ ဒါကြောင့်လဲ ဆီနဲ့ လုပ်တာပေါ့။ :P
နို့ထဲမှာပါဝင်တဲ့ ကြွယ်ဝလှတဲ့ အဆီဓါတ်က နို့ဆပ်ပြာရဲ့ အသားအရည်စိုပြေစေနိုင်တဲ့ အချက်ကို အများကြီး အထောက်အကူပေးပါတယ်။
အရေပြားခြောက်သွေ့သူတွေ ဆောင်းတွင်းမှာ ကြုံတွေ့ရတဲ့ ပြသနာဟာ သူတို့ အသုံးပြုတဲ့ ဆပ်ပြာရဲ့ အရည်အသွေးပေါ်လဲ အများကြီးမူတည်ပါတယ်။
နို့ဆပ်ပြာ ဟာ တခြားဆပ်ပြာတွေလို သင့်အသားအရည်ကို ခြောက်သွေ့သွားစေမှာမဟုတ်ပါဘူး။
အသားအရည်ကို သဘာဝနည်းနဲ့ စိုပြေအောင်ထိမ်းသိမ်းပေးခြင်းအားဖြင့် အသားအရည်ကျမ်းမာရေး ကို များစွာအထောက်အကူပြုစေပါတယ်။
သတ္တုဓါတ်
နို့ထဲမှာ သတ္တုဓါတ်မြောက်များစွာပါဝင်ပါတယ်။ အထူးသဖြင့် အရေပြားအတွက် အထူးသင့်တော်တဲ့ ဆယ်လီနီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။
သိပ္ပ္ပံပညာရှင်များအနေနဲ့ဆယ်လီနီယမ်ဓါတ်ဟာ အရေပြားကင်ဆာကာကွယ်ရာမှာ အရေးပါတဲ့ သတ္တုဓါတ်တစ်မျိုးလို့ ယုံကြည်ကြပါတယ်။
ဆယ်လီနီယမ်ဓါတ်ဟာ နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းကနေလဲ ကာကွယ်ပေးပါတယ်။
ရေနဲ့လုပ်တဲ့ ဆပ်ပြာမှာလဲ သတ္တုဓါတ်တွေမပါဘူးမဟုတ်ဘူး၊ ဆိုဒီယမ် ကယ်လဆီယမ် စသည်ဖြင့်ပါဝင်ပါတယ်။ ဒါပေမယ့် အရေပြားကျမ်းမာရေးအတွက်တော့ ဆယ်လီနီယမ် လောက်အထောက်အကူမပြုပါဘူး။
သင့်အရေပြားဟာ ကောင်းမွန်ကျမ်းမာနေတယ်ဆိုရင်တောင် နို့ဆပ်ပြာကို အသုံးပြုပေးခြင်းအားဖြင့် အကျိုးယုတ်စရာတော့မရှိပါဘူး။
ပြုလုပ်နည်းကတော့ တခြားဆပ်ပြာတွေလိုပါပဲ။ သတိထားရမှာလေးတွေရေးပေးထားပါတယ်။
နို့ဆပ်ပြာလုပ်ရာမှာ Lye နဲ့ နို့ အရောပျော်ရည်အပူချိန်ကို ထိန်းထားနိုင်ဖို့က အရေးအပါဆုံး အချက်ဖြစ်ပါတယ်။
ပျော်ရည်အပူချိန်ကို မထိန်းနိုင်ခဲ့ရင် (သို့) သိပ်ပူလာရင် ဆပ်ပြာမှာ လိုချင်တဲ့ အနံ့ နဲ့ အရောင်ရဖို့ ခက်ပါတယ်။ တူးနံ့သင်းသင်းလေးနဲ့ အညိုရောင်/ အမည်းရောင် နို့ဆပ်ပြာလှလှလေး ထွက်လာပါလိမ့်မယ်။ :P အပူချိန်သိပ်မြင့်သွားရင် ‘soap volcano’ လို့ ခေါ်တဲ့ ခွက်ထဲကနေ ဆပ်ပြာတွေ ဝေကျတဲ့ ဖြစ်စဉ်ထိတောင် ဖြစ်နိုင်ပါသေးတယ်။ သိပ်တော့လဲ စိတ်ပူစရာမရှိပါဘူး။ သတိလေးထားပြီး တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်ကြည့်ပါ။
1 lye ကိုဖျော်တဲ့နေရာမှာ ရေအစား 100% နို့ရည်နဲ့ အစားထိုးဖျော်ပါ။ (တစ်ချို့ကလဲ ရေတစ်ဝက် နို့တစ်ဝက် 50 – 50 အချိုးနဲ့ ဖျော်ကြတယ်။)
2 ထည့်ရမယ့် (ရေအစားထိုး) နို့ပမာဏအတိအကျကို တိုင်းပြီး ရေခဲသေတ္တာထဲမှာ တစ်ရက်ကြို ခဲထားပါ။ ရေခဲခွက်နဲ့ခဲထားရင် ပြန်ထုတ်သုံးရတာ ပိုအဆင်ပြေပါတယ်. ဇစ်တပ်ထားတဲ့ ပလတ်စတစ်အိတ်နဲ့ ဆိုလဲ အိုကေပါတယ်။ ဒါပေမယ့် ရေခဲခွက်က ပိုရှာရလွယ်ပါတယ်။
** လတ်လတ်ဆတ်ဆတ်နို့ကိုရှာဖို့ ခက်ရင် နို့မှုန့် နဲ့ ရှော့ပင်စင်တာတွေမှာရောင်းတဲ့ အသင့်သောက်နို့တွေ သုံးလို့လဲ ရပါတယ်။ ဒါပေမယ့် ကိုယ်သုံးမယ့် တံဆိပ်မှာ ဘာပါဝင်ပစ္စည်းတွေထည့်လုပ်ထားလဲ ပြန်တွက်ရချက်ရ ညှိရနဲ့မို့လို့ ကျွန်တော်ကတော့ နို့အစစ်ပဲ သုံးပါတယ်။ နို့မှုန့်/ အသင့်သောက်နို့နဲ့ လုပ်လို့ရတဲ့နည်းတွေလဲ အချိန်အားရင် တင်ပေးပါဦးမယ်
3 နို့ကိုခဲပြီး နောက်တစ်နေ့ (ဆပ်ပြာလုပ်မယ့်နေ့) မှာ ကိုယ်အသုံးပြုမယ့် lye ပမာဏ အတိအကျကို ပြင်ဆင်ထားပါ။ (lye calculator တစ်မျိုးမျိုးကိုသုံးပြီးတွက်ပါ)
4 စပါပြီ။ ရေခဲအပြည့်ထည့်ထားတဲ့ ဇလုံ(A)တစ်ခု ယူပါ။ lye ပျော်ရည် ဖျော်မယ့်ခွက်(B)ကို ရေခဲဇလုံ(A)ထဲ ထည့်ပါ။ ရေခဲသေတ္တာထဲက နို့ခဲတွေကို ထုတ်ပြီး ဖျော်ခွက်(B)ထဲထည့်ပါ။
**B ကို A ထဲထည့်။ နို့ခဲတွေကို B ထဲထည့်။ ပုံထဲကလို ခွက် ၂ ဆင့်ဖြစ်နေပါလိမ့်မယ်။
5 Lye ပမာဏအတိအကျ ကို နည်းနည်းချင်းစီ နို့ခဲထဲ ထည့်ပြီး မွှေပေးပါ။ ဆယ်ပုံတစ်ပုံစီ လောက်ထည့်လိုက် ယောင်းမနဲ့ မွှေပေးလိုက်လုပ်ပေးပါ။ ရှိသမျှ lye အကုန် လောင်းမထည့်လိုက်ပါနဲ့။ နိုထဲမှာပါတဲ့ သကြားဟာ lye ရဲ့ အပူနဲ့ထိတာများရင် လောင်သွားတတ်လို့ပါ။ အဲ့လိုဖြစ်ခဲ့ရင်တော့ ရလာဒ်ကောင်းရမှာမဟုတ်လို့ အစကသာပြန်စလုပ်ပါ။ ဒီဖြစ်စဉ်မှာ လုံးဝအပူချိန်မြင့်လို့ မရပါဘူး။ ရေခဲဇလုံ (A) ကိုလဲ သတိထားပြီးစောင့်ကြည့်နေပါ။ ရေခဲတွေ ပျော်သွားရင် လဲပစ်ပါ။ ပျော်ရည်ရဲ့ အပူချိန်ဟာ 50 – 80 ဒီဂရီ ကြားပဲ ရှိနေပါစေ။ အဲ့ထက်ကျော်သွားရင် lye ထည့်တာကို ခဏရပ်ပြီး အအေးခံပေးပါ။ ဒီဖျော်ရည်ကို ဖျော်တာ 10 – 15 မိနစ်လောက် အချိန်ပေးရပါတယ်။
6 Lye ပျော်ရည် အဆင်သင့်ရပြီဆိုရင်တော့ အပူပေးထားတဲ့ ဆီထဲထည့်ပါ။ ဆီအပူချိန်ကိုလဲ lye ပျော်ရည်နဲ့ အပူချိန်မကွာအောင်သတိထားပြီးထည့်ပါ။ ပူနေသေးရင် ဆီကို အအေးခံပြီးမှ ရောပါ။ ပြီးရင်တော့ CP နည်းနဲ့ ပုံမှန်ဆပ်ပြာလုပ်တဲ့ အဆင့်များအတိုင်း ဆက်လုပ်သွားလို့ ရပါပြီ။
**Reference# internet.
ကျေးဇူးတင်ပါသည်။
Cred
Panwai Paing
Comments
Post a Comment